To get Good Result by Using Appraisal System-6
“ရလဒ်ကောင်းတွေရရှိဖို့အကဲဖြတ်စံနစ်ကျင့်သုံးစို့” (၆) မြတ်သုတလှိုင်ဝင်း (EMPA-8) ယခင် အမှတ်စဉ်(၅)မှာတုန်းက ကျွမ်းကျင်ပြီးထူးချွန်တဲ့ဝန်ထမ်းလေးတွေဖြစ်တဲ့ ကြယ်ပွင့်လေး တွေကို ကြိုတင်ပြီး၊ စီမံခန့်ခွဲမှုဆိုင်ရာ လေ့ကျင့်သင်ကြားမှုမပြုမီ စီမံခန့်ခွဲရေးရာထူးသို့တိုးပေး လိုက်တဲ့အတွက် ထောင် ချောက်ထဲသို့ကျရောက်မယ့်အခြေအနေတွေ ကြုံတွေ့ခဲ့ရတာတွေကို တင်ပြ ခဲ့ပြီးဖြစ်ပါတယ်။ ဒီနေရာမှာ သတိထားဖို့လိုတာကတော့ တခါတရံမှာကျွမ်းကျင်တဲ့ကြယ်ပွင့်လေးတွေ ဟာ၊ ၎င်းတို့တစ်ဦးချင်းစီ၊ တစ်ယောက်ချင်းစီအလိုက် ကောင်းပြီး၊ တော်ကြ၊ တတ်ကြပါတယ်။ အပေါင်း အစုနဲ့လုပ်တဲ့အခါ၊ အဲဒီ ပေါင်းစုအားကို ဦးဆောင်ရတဲ့အခါမှာ မလုပ်တတ်၊ မကိုင်တတ်နဲ့ ပြဿနာတွေ နဲ့ ရင်ဆိုင်ကြရခြင်း ဖြစ်ပါတယ်။ အဆိုပါ အခက်အခဲတွေနဲ့ကင်းစေဖို့ အပေါင်းအစု၊ အသင်းအဖွဲ့နဲ့ လုပ်တတ် ကိုင်တတ်စေဖို့ Teambuilding ထူထောင်ပေးဖို့လိုအပ်ပြီး၊ Leadership အရည်အချင်းလဲဖြည့် ပေးဖို့ လိုအပ်ပါတယ်။ မန်နေဂျာ ဒါမှမဟုတ် ဦးဆောင်သူဖြစ်ဖို့ဆိုရင် အများနဲ့မတူတဲ့ စဉ်းစားတွေးခေါ်...