သင်ရဲ့ ဗျူဟာမြောက်တွေးတောနိုင်တဲ့ အရည်အချင်းကို တိုးတက်ကောင်းမွန်လာစေမယ့် နည်းလမ်း လေးဖြာ
သင်ရဲ့ ဗျူဟာမြောက်တွေးတောနိုင်တဲ့ အရည်အချင်းကို တိုးတက်ကောင်းမွန်လာစေမယ့် နည်းလမ်း လေးဖြာ (Nina A. Bowman, December 27, 2016)
အကျဉ်း-ဗျူဟာမြောက်စဉ်းစားတွေးတောခြင်းကို ထိပ်တန်းအဆင့် အမှူဆောင်တွေကသာလုပ်ဆောင်ကြရမယ် လို့ ယုံကြည်နေကြပါလိမ့်မယ်။ ပြန်စဉ်းစားကြည့်လိုက်ပါ။ ဖြစ်နိုင်ပါတယ်။ ဖြစ်ကို ဖြစ်ရမှာပါ။ ၎င်းကိုအဖွဲ့ အစည်းရဲ့ အဆင့်တိုင်းက လုပ်ဆောင်ကြရပါမယ်။ လုပ်ငန်းတာဝန်နဲ့ ဝတ္တရားဖော်ပြချက်မှာ ပါဝင်ခြင်းမရှိတဲ့ အချက်တွေ ထဲက တစ်ခုဖြစ်ပါတယ်။ အလုပ်ကို လက်ခံလိုက်ပြီဆိုတာနဲ့ ဗျူဟာမြောက် ဘုန်းလက်ရုံးတွေ ပြသနိုင်မယ့် အဓိကစွမ်းရည်လေးရပ်ကို ဖွံ့ဖြိုးတိုးတက်လာစေဖို့ အာရုံစိုက်ကြရပါတော့မယ်။ ပထမအရည် အချင်းက သင်ရဲ့ နေ့စဉ်အလုပ် (ထပ်ခါထပ်ခါလုပ်နေကြရတဲ့ ကိစ္စရပ်)တွေမှာ တိုးတက်ဖြစ်ပေါ်မှုစီးကြောင်းကို ပုံမှန် စူးစမ်းနေရမှာ ဖြစ်ပါတယ်။ ဒုတိယအရည်အချင်းက “ပထမတစ်နှစ်မှာ အောင်မြင်မှုကဘယ်လိုလဲ။ ရလဒ်အပေါ် မကောင်းတဲ့ သက်ရောက်မှု တွေရှိနိုင်လား။ အောင်မြင်မှု သို့မဟုတ် ကျရှုံးမှုတို့ရဲ့ အစောပိုင်း မှာပြတတ်တဲ့ လက္ခဏာတွေက ဘာတွေဖြစ် မလဲ။” စသဖြင့် ခက်ခဲတဲ့မေးခွန်းတွေကို မေးမြန်းနိုင်ခြင်း ဖြစ်ပါ တယ်။ နောက်ထပ်အရည်အချင်းတစ်ခုက နှုတ်အားဖြင့်သော်လည်းကောင်း၊ စာအားဖြင့် သော်လည်းကောင်း ရည်ရွယ်ထားတဲ့ လူတွေ မိမိဆိုလိုချင်တဲ့ အဓိကအချက်တွေကို အာရုံစိုက်လာအောင် ဆက်သွယ်ပြောဆိုနိုင်တဲ့ အရည်အချင်းပဲ ဖြစ်ပါတယ်။ အဓိကအချက်တွေက အစီအစဉ် ကျပြီး၊ ကျိုးကြောင်း ဆီလျော်ကာ တတ်နိုင်သမျှ တိုတိုတုတ်တုတ် ဖြစ်ရပါမယ်။ နောက်ဆုံးအရည်အချင်းကတော့ များပြားလှတဲ့ အလုပ်အချိန်ဇယားတွေထဲက အချိန်ကို အကျိုးရှိအောင်အသုံးချနိုင်ခြင်းဖြစ်ပါတယ်။ ကိုယ်တက်ဖို့မလိုတဲ့ အစည်းအဝေးတွေကို ရှောင်ရ ပါမယ်။ သင်ရဲ့ ပြက္ခဒိန်မှာ စဉ်းစားတွေးတောရမယ့်အချိန်တွေအတွက် ချန်လှပ်ထားရပါမယ်။ ပထမပိုင်းမှာ သင်ရဲ့ ကိုယ်ပိုင်ယူဆချက်တွေက ပဋိပက္ခနဲ့သိချင်မှုတို့ကြောင့်ရလာတဲ့ အကျိုးနဲ့ စိန်ခေါ်မှု တွေရှိနေချိန်မှာ စိတ်ရှုပ် ကောင်းရှုပ်နေနိုင်ပါတယ်။ သို့သော် ပိုမိုမြင့်မားတဲ့အဆင့်တွေကို လုပ်လာနိုင်ပြီဆိုရင် စွန့်စား ရတာတွေကို သဘောတွေ့လာပါ လိမ့်မယ်။
သင့်အနေနဲ့ တုန့်ပြန်၊ ထောက်ပြပြောဆိုချက်တွေကို အမြဲတမ်းလက်ခံရနေမယ်ဆိုရင်၊ ပိုမိုပြီး ဗျူဟာ တစ်ကျရှိဖို့ လိုအပ်လာပါပြီ။ ဘယ်လောက်အထိစိတ်ပျက်စရာကောင်းလဲဆိုတာ သိပြီးသားပါ။ အပြုသဘော ဆောင်ပြီး ဘာလုပ်ပါဆိုတဲ့ ညွှန်ပြပေးတဲ့ တုန့်ပြန်ထောက်ပြပြောဆိုချက်ကရှားပြီး၊ ထိခိုက်စေလိုတဲ့ရည်ရွယ် ချက်တွေနဲ့ စော်ကားကြတာများပါတယ်။ Lisa(Vice president of HR) က ကျွန်တော်နည်းပြပေးနေရတဲ့ ဖောက်သည်တစ်ဦးဖြစ်ပါတယ်။ ၎င်းက အထက်မှာ ဖော်ပြခဲ့တဲ့ အခြေအနေမျိုးကြုံတွေ့နေရတဲ့အချိန်မှာ ကျွန်တော်က အမြင်ကျယ်ကျယ်တွေးဖို့နဲ့ ပိုပြီး ဗျူဟာရှိဖို့ ပြောခဲ့ပါတယ်။ အဓိပ္ပါယ်ဆိုလိုရင်းပေးခဲ့တယ်လို့ ထင်ခဲ့ပါသော်လည်း၊ အကူအညီမဖြစ်ခဲ့ပါ။
ဒါကြောင့် သင်ရဲ့ လက်ရှိ လုပ်ငန်းတာဝန်မှာ ဘယ်လိုတိကျတဲ့လုပ်ငန်းစဉ်အဆင့် ခြေလှမ်းတွေက ပိုပြီး ဗျူဟာတစ်ကျဖြစ်စေမှာလဲ။
သင်ရဲ့ အတွေးအမြင်တွေကို ပြောင်းလဲပေးခြင်းနဲ့ ခြေလှမ်းကို စတင်ရပါမယ်။ ဗျူဟာမြောက်စဉ်းစား တွေးတောခြင်းကို ထိပ်တန်းအဆင့် အမှူဆောင်တွေကသာလုပ်ဆောင်ရမယ်လို့ ယုံကြည်နေကြပါလိမ့်မယ်။ ပြန် စဉ်းစားကြည့်လိုက်ပါ။ ဖြစ်နိုင်ပါတယ်။ ဖြစ်ကို ဖြစ်ရမှာပါ။ အဖွဲ့အစည်းရဲ့ ရာထူးအဆင့်တိုင်းက လုပ်ဆောင် ကြရပါမယ်။ လုပ်ငန်းတာဝန်နဲ့ ဝတ္တရားဖော်ပြချက်မှာ ပါဝင်ခြင်းမရှိတဲ့ အချက်တွေထဲက တစ်ခုဖြစ်ပါလိမ့်မယ်။ ဒီအချက်ကို လစ်လျှူရှု့ လိုက်မယ်ဆိုရင်ရာထူးတိုးဖို့အတွက် ထိခိုက်မှုတွေရှိလာပါမယ်၊ ဒါမှမဟုတ်သင်ရဲ့ဌာနက ဗျူဟာမြောက်စေမယ့် အထောက်အပံ့တွေက ရှင်းရှင်းလင်းလင်းမရှိတဲ့အတွက် ဘတ်ဂျက်ဖြတ်တောက် လျော့ချမှုတွေ ဖြစ်လာနိုင်ပါတယ်။
ဒါကို သင်ရဲ့ အလုပ်တာဝန်ရဲ့ အစိတ်အပိုင်းအဖြစ်လက်ခံလာတဲ့အချိန်မှာ ဗျူဟာမြောက် ဘုန်းလက်ရုံး တွေပြနိုင်မယ့် အဓိကစွမ်းရည်လေးရပ်ကို ဖွံ့ဖြိုးတိုးတက်လာစေဖို့ အာရုံစိုက်ရပါတော့မယ်။
သိခြင်း-ဖြစ်ပေါ်ပြောင်းလဲမှုလားရာကို စောင့်ကြည့်ရှာဖွေခြင်း
Lisa က အမြင်ကျယ်ကျယ်မကြည့်ခဲ့ပါ။ ဘာလို့လဲဆိုတော့ ၎င်းက အလုပ်အလွန်များပြီး၊ အလုပ် တာဝန်တွေကို သတ်မှတ်ထားတဲ့အချိန်မှာ ပြီးဆီးဖို့အရေးကြီးတဲ့အတွက် အလုပ်ထဲမှာ ခေါင်းစိုက်ထားနေရပြီး၊ မော့ပြီး လုပ်ငန်းအတွင်း၊ အပြင်မှာ ဖြစ်ပေါ်နေတဲ့ တိုးတက်ပြောင်းလဲမှုစီးကြောင်းတွေကို စူးစမ်းမှုမလုပ်နိုင်ခဲ့ပါ။ သူမ အာရုံစိုက်ရမယ့်အရာတွေ၊ ဦးစားပေးရမယ့် အရာတွေ၊ ကုမ္ပဏီအလျင်အမြန်တိုးတက်ဖွံ့ဖြိုးဖို့အတွက် လိုအပ်တဲ့ အစွမ်းအစရှိသူတွေနဲ့ ပတ်သက်တဲ့ ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမယ့် အရာတွေကို အထောက်အကူ ဖြစ်စေမယ့် အဓိကသတင်းအချက်အလက်တွေ လစ်ဟာလျှက်ရှိနေပါတယ်။ ဘာကြောင့်လဲ Lisa ရဲ့ ချဉ်းကပ်ပုံက အရောင်းအဝယ်ပြုတဲ့ပုံစံမျိုးဖြစ်ပြီး၊ ရိုးရှင်းစွာပဲ ဝန်ထမ်းလိုမယ်ဆိုရင် နောက်ထပ်အသစ်ခန့်ဖို့ အတွက်ပဲစဉ်းစား နေခြင်းမျိုး ဖြစ်ပါတယ်။ ဝန်ထမ်းသစ်ရှာဖွေဖြည့်တင်းရာမှာ နည်းလမ်းအသစ်တွေအသုံးပြုတာတို့၊ ဝန်ထမ်း ဟောင်းတွေကို ထိန်းထားတာတို့ကို သတိမမူမိဘဲဖြစ်နေပါတယ်။
ဗျူဟာမြောက်ဖြစ်စေဖို့ သင်လုပ်ကိုင်နေတဲ့ လုပ်ငန်းနယ်ပယ်နဲ့ပတ်သက်လို့ အစီအစဉ်၊ ဖြစ်ပေါ် ပြောင်း လဲမှုစီးကြောင်း နဲ့ စီးပွားရေးကို မောင်းနှင်အားတို့ကို အသေအချာ အခိုင်အမာ နားလည်ထားဖို့ လိုအပ်ပါတယ်။ လက်ရှိသတင်းအချက်အလက်တွေနဲ့ ဖြစ်ပေါ်ပြောင်းလဲမှုလားရာတို့ကို ရှာဖွေခြင်းက အသိပညာပိုင်းအရ အလေးထားရတယ်ဆိုပေမယ့် မလုံလောက်သေးပါ။ သင့်မှာ-
· သင်ရဲ့ နေ့စဉ်လုပ်ကိုင်နေရတဲ့ အလုပ်အတွင်းမှာ ဖြစ်ပေါ်ပြောင်းလဲမှုစီးကြောင်းကို ပုံမှန်စူစမ်းရှာဖွေပြီး၊ ညှိနှိုင်းပေါင်းစပ်ပေးခြင်းကိုဆောင်ရွက်ရပါမယ်။ ဥပမာ-အဖွဲ့အစည်းအတွင်းမှာ ဖော်ထုတ်ပေးရမယ့် ကိစ္စရပ်တွေကို သတိပြု၊ အာရုံစိုက်ပြီး၊ လုပ်ဖော်ကိုင်ဖက်တွေ ကြုံတွေ့နေရတဲ့ ယေဘုယျအတား အဆီးတွေကို ပေါင်းစပ်ညှိနှိုင်းပေးရပါမယ်။
· မိမိရဲ့ လုပ်ငန်းအတွင်းနဲ့ လုပ်ငန်းတူနယ်ပယ်မှာရှိနေကြတဲ့ အဆင့်တူသူတွေနဲ့ ကြိုတင်ချိတ်ဆက် ဆက်သွယ်မှုတွေလုပ်ထားခြင်းအားဖြင့် ၎င်းတို့ရဲ့ ဈေးကွက်ကိုလေ့လာစောင့်ကြည်မှု အခြေအနေတွေ ကို သိရှိနားလည်နိုင်မှာဖြစ်ပါတယ်။ အဲဒီနောက်မှာ ရှာဖွေတွေ့ရှိချက်တွေကို သင်ရဲ့ ကွန်ယက်မှာ ဖြန့်ဝေပေးနိုင်မှာဖြစ်ပါတယ်။
· တစ်မူထူးခြားတဲ့ သတင်းအချက်အလက်နဲ့ အမြင်ရှု့ထောင့်တို့ကို နားလည်ခြင်းက ကော်ပိုရိတ်အဆင့်မှာ ရှိတဲ့ ဗျူဟာတွေအပေါ်သက်ရောက်မှုရှိစေပြီး၊ အထောက်အပံ့ဖြစ်စေပါတယ်။
စဉ်းစားတွေးတောခြင်း-ခက်ခဲတဲ့မေးခွန်းတွေကို မေးခြင်း
ဖြစ်ပေါ်ပြောင်းလဲမှုလားရာနဲ့ အကြောင်းကိစ္စပြဿနာတွေကို လောလောလတ်လတ်နားလည်သိရှိခြင်းနဲ့ အတူ သင်ကိုယ့်ဟာကိုယ် မေးခွန်းတွေမေးခြင်းအားဖြင့် ဗျူဟာမြောက်စဉ်းစားတွေးတောခြင်းကို လက်တွေ့ လုပ်ဆောင်နိုင်ပါတယ်။ “ကျွန်တော်စဉ်းစားနေတာတွေကို ဘယ်လိုချဲ့ထွင်ရမလဲ။” မေးခွန်းတွေက ဗျူဟာရဲ့ ဘာသာစကားတွေပဲဖြစ်ပါတယ်။ Lisa ရဲ့ ဘဝနဲ့ ယခင်အတွေ့အကြုံတို့က တစ်မူထူးခြားပြီး၊ မှုန်ဝါးမှုမရှိတဲ့ ဗျူဟာမြောက်မှန်ဘီလူးတစ်လက်ပေးလိုက်ကြောင်း နှစ်သက်လိုလား အသိအမှတ်ပြုလာခဲ့ပါပြီ။ ဒါကြောင့် Lisa က ရှု့မြင်သုံးသပ်မှုနဲ့ စူးစမ်းမှုစွမ်းရည်တွေကို မြှင့်တင်ဖို့ သူ့ဟာသူတွန်းအားပေးခဲ့ပါတယ်။ သိချင်မှုတွေများလာ တာနဲ့အမျှ ကွဲပြားတဲ့ ရှု့ထောင့်ပေါင်းစုံကသတင်းအချက်အလက်တွေကိုကြည့်ရှု့ခြင်းအားဖြင့် အဝေးမှုန်တာတွေ ကိုလျော့ချလာနိုင်ပြီး၊ ကွဲပြားတဲ့ဖြစ်နိုင်ခြေတွေ၊ ကွဲပြားတဲ့ ချဉ်းကပ်မှုတွေ၊ နဲ့ ကွဲပြားတဲ့ရလဒ်အလားအလာတွေ ကိုတွေ့လာရပါတယ်။
ဥပမာ-ဝန်ထမ်းထိန်းထားတဲ့ လုပ်ငန်းစီမံချက်တွေကို ကိုင်တွယ်ဆောင်ရွက်နေစဉ်၊ သူ့ဟာသူ “ပထမနှစ် မှာ အောင်မြင်မှုတွေက ဘယ်လိုပုံဖြစ်နေမလဲ။” “တတိယနှစ်မှာ ဘယ်လိုပုံဖြစ်နေမလဲ။” ”ရလဒ်အပေါ် မကောင်း တဲ့ သက်ရောက်မှု တွေရှိနိုင်လား။” “အောင်မြင်မှု သို့မဟုတ် ကျရှုံးမှုတို့ရဲ့ အစောပိုင်း မှာပြတတ်တဲ့ လက္ခဏာတွေ က ဘာတွေဖြစ်မလဲ။” “အောင်မြင်ရန်သေချာဖို့အတွက် စီးပွားဖက်တွေက ဘာတွေနားလည်ထား ရမလဲ။” နဲ့ “ရလဒ်တွေက အဖွဲ့အစည်းရဲ့ ကြီးမားတဲ့ပန်းတိုင်တွေကို အထောက်အပံ့ဖြစ်စေလား။” စတဲ့ ခက်ခဲတဲ့ မေးခွန်းတွေ ကို အရင်ဦးဆုံးမေးပြီး၊ Lisa သိလာရတာက လက်ဖော်ကိုင်ဖက်တွေနဲ့ ထိပ်တန်းအဆင့် အမှုဆောင် တွေနဲ့ စောစောထိတွေ့ပြီး၊ အချိတ်အဆက်မိရင် လုပ်ငန်းစီမံချက်က အကျိုးကျေးဇူးရရှိနိုင်ပါတယ်လို့ အတွေး အမြင်တွေကို ပုံဖော်ရာမှာ ထောက်ကူခြင်းအားဖြင့် အသိတရားရှိရှိနဲ့ ဗျူဟာမြောက်ဖြစ်လာခဲ့ပါတယ်။
ပြောခြင်း-အသံပိုင်းဆိုင်ရာ ဗျူဟာမြောက်ခြင်း
ဗျူဟာမြောက်တွေးခေါ်သူတွေက ဘာသာစကားတွေကို ဘယ်လိုပြောဆိုရမယ်ဆိုတာ သိနားလည်ကြ ပါတယ်။ ၎င်းတို့ရဲ့ အတွေးတွေကို ဦးစားပေးနဲ့ အစီအစဉ်တစ်ကျဖြစ်အောင် လုပ်နိုင်ကြပါတယ်။ ပြောဆိုခြင်းနဲ့ ရေး သားပြီး ဆက်သွယ်ကြရာဝယ် ဦးတည်သူတို့ကို ၎င်းတို့ရဲ့ အဓိကဆိုလိုရင်းတွေကို ထိမိစွာ သတိပြုအာရုံစိုက်မိ စေဖို့ ဖွဲ့ဆို တတ်ကြပါတယ်။ ၎င်းတို့က နေမြဲရှိမြဲအတိုင်းဖြစ်နေတာကို စိန်ခေါ်ပြီး၊ လူတွေနဲ့ စကားပြောရာမှာ အတွင်းကမြှုပ်ကွက်တွေကို ကောင်းကောင်းဖမ်းနိုင်သိနိုင်ကြပါတယ်။ ၎င်းတို့က အရည်ချင်းစစ်မှန်မယ်ဆိုရင် ပြဿနာတွေကို ခွဲခြားဖော်ထုတ်ပြီး၊ ယေဘုယျ နားလည်မှုကို ပုံဖော်ကာ ဗျူဟာမြောက်ရွေးချယ်မှုနဲ့ အနားသတ် ပေးနိုင်မှာဖြစ်ပါတယ်။
အကယ်၍ အသံဗလံတွေက ရှုပ်ထွေးနေမယ်ဆိုရင်၊ ဒါက ဖြစ်နိုင်ပါတယ်။ ဒါဆို အောက်ပါ အရည် အချင်းတွေတက်လာအောင် စပြီး သွေးကြည့်နိုင်ပါတယ်-
· ရေးသာတာပဲဖြစ်ဖြစ်၊ ပြောဆိုဆက်သွယ်ရာမှာပဲဖြစ်ဖြစ် ပိုမိုပြည့်စုံအောင် ဖြည့်စွက်ပေးရပါမယ်။ အဓိအချက်တွေကို သူ့အစုနဲ့သူ ဆီလျော်ပြီး၊ အစီအစဉ်တစ်ကျကာ ဖြစ်နိုင်ရင် တိုတိုတုတ်တုတ် ဖြစ်ရ ပါမယ်။
· သင်တင်ပြလိုတဲ့ အကြောင်းအရာကို ခြုံငုံမိစေမယ့် ခေါင်းစဉ် တတ်ခြင်းအားဖြင့် ပရိသတ်ကို အာရုံ ဖမ်းစားရမှာဖြစ်လို့ ၎င်းတို့ဟာ နည်းဗျူဟာမြောက်စွာနဲ့ အသေးစိတ်နေတယ်ဆိုတာထက် အဆင့် မြင့်မြင့်ပြောဆိုမှုတွေနဲ့ ချိတ်ဆက်မိအောင် ကြိုတင်ပြင်ဆင်ရပါမယ်။
· အဓိကအချက်ကို တည်ဆောက်ခြင်းထက် အဖြေတွေကို ဖြေကြည့်ခြင်းဖြင့် လေ့ကျင့်ထားရပါမယ်။
Lisa က သူမ ပြောဆိုနေကြပုံစံက ဗျူဟာမကျတာကို ယခင်က သတိမထားမိခဲ့ပါ။ ဒါကြောင့် သူမက ဒါကို ပြောင်းလဲခဲ့ပါတယ်။ ပထမအနေနဲ့ တစ်ခုချင်းစီအလိုက် အာရုံစိုက်ပြီး၊ CHRO နဲ့ အရေးပါတာတွေကို ဆွေး နွေးပြီး၊ နည်းဗျူဟာမြောက်ကိစ္စတွေကို email ပို့လိုက်ပါတယ်။ ၎င်းက ဗျူဟာမြောက်ဧရိယာ တစ်ခု(သို့)နှစ်ခုကို ကို အာရုံစူးစိုက်ပြီး၊ CHRO နဲ့ပြောဆိုဆွေးနွေးခဲ့တာတွေနဲ့ CEO ရဲ့ ထိပ်တန်းဦးစားပေးတို့ကို ညှိနှိုင်းပေါင်းစပ်မှု မှာ သေချာမှုကို ဖြစ်စေပါတယ်။
ပြုမူခြင်း-တွေးဖို့ အချိန်ယူခြင်းနဲ့ ပဋိပက္ခကိုဖက်တွယ်ခြင်း
ကျွန်ုပ်တို့အတူတစ်ကွ လုပ်ဆောင်မှုအပိုင်းမှာ Lisa က ပြည့်ကျပ်နေတဲ့ အချိန်ဇယားတွေကို ကိုင်ထားပြီး အစည်းအဝေးတစ်ခုပြီး တစ်ခုပြေးလွှားတက်ရောက်နေပါတယ်။ ကိစ္စရပ်တွေကို တွေးဖို့ အချိန်မရတဲ့အတွက် ဗျူဟာမြောက်စွာ အောင်မြင် အောင်လုပ်ဆောင်ဖို့ ခက်ခဲတာကို တွေ့လာရပါတယ်။ သူမရဲ့ တန်ဖိုးအပြည့်အဝကို အစည်းအဝေးစားပွဲတွေဆီကို သယ်ဆောင်လာနိုင်ခြင်း မရှိတာကိုလဲ သိလာရလို့ Stephen Covey’s 2 x 2 matrix မှာဖော်ပြထားတဲ့ အမြန်ချက်ချင်းလုပ်ရမယ့်အရာနဲ့ အရေးကြီးတဲ့အရာတို့အပေါ်အခြေခံပြီး လုပ်ရမယ့် အလုပ်တွေကို စတင်သုံးသပ်ခဲ့ပါတယ်။ တက်ဖို့မလိုတဲ့ အစည်းအဝေးတွေကို မတက်တော့ပါ။ သူမရဲ့ ပြက္ခဒိန်မှာ စဉ်းစား တွေးတောရမယ့်အချိန်တွေကိုချန်လှပ်ထားပြီး၊ အခြားအစည်းအဝေးတက်သလို အလေးထားခဲ့ပါတယ်။ “ငါ့အလုပ်စားပွဲမှာ ထိုင်ပြီး စဉ်းစားနေတာက တစ်ကယ် အလုပ် လုပ်နေသလား။” ဆိုတဲ့ အစောပိုင်းက အတွေးမှားတွေကို တွန်းလှန်ခဲ့ပါပြီ။
Lisa ကအခြားသော အဓိကအရည်အချင်းတွေကိုလဲ လေ့ကျင့်ခဲ့ပါတယ်။ ဆွေးနွေးငြင်းခုန်မှုတွေကို ဖက် တွယ်နိုင်ဖို့ နဲ့ စိန်ခေါ်မှုတွေလုပ်နိုင်ဖို့၊ ပုဂ္ဂိုလ်ရေးမပါဘဲ ခက်ခဲတဲ့မေးခွန်းတွေမေးနိုင်ဖို့ လေ့လာခဲ့ပါတယ်။ ဒါတွေ ကိုလုပ်နိုင်ဖို့ ပြဿနာအချင်းအရာတွေကို အာရုံစူးစိုက်ပါတယ်၊ လူတွေကိုမဟုတ်ပါ၊ အဆင့်အတန်းတူပြီး၊ ဘက်မလိုက်တဲ့ အမြင်ဘက်ကနေ သူမရဲ့ အတွေးတွေကို စိန်ခေါ်မှုတွေကို လုပ်ကြည့်ပါတယ်။ မေးခွန်းတွေပို ပြီးမေးလာတဲ့အခါမှာ မလွှဲမရှောင်သာဘဲ ရှုပ်ထွေးမှုတွေဖြစ်လာရင် ၎င်းတို့ကို စီမံနိုင်ဖို့နဲ့ ဆုံးဖြတ်ချက်ချဖို့ စံသတ်မှတ်ချက်တွေကို ရှင်းရှင်းလင်းလင်းဖြစ်အောင် လေ့လာထားခြင်းအားဖြင့် မပြည့်စုံတဲ့ သတင်းတွေကို ရင် ဆိုင်လာရတဲ့အခါ ပိုမိုကောင်းမွန်စွာနဲ့ ပြုမူလာနိုင်မှာ ဖြစ်ပါတယ်။
ဗျူဟာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုအရည်အချင်းကို တည်ဆောက်ခြင်းက သက်တောင့်သက်သာတော့ရှိမှာ မဟုတ်ပါ။ ပထမပိုင်းမှာ သမုဒ္ဒရာမှာ သဲတွေကို ဖုန်ထအောင်ကန်ရသလို ဖြစ်နေပါလိမ့်မယ်။ သင်ရဲ့ ကိုယ်ပိုင် ယူဆချက်တွေက ပဋိပက္ခနဲ့သိချင်မှုတို့ကြောင့်ရလာတဲ့ အကျိုးနဲ့ စိန်ခေါ်မှုတွေရှိနေခြင်းက ရှင်းလို့မရတဲ့ စိတ် ခံစားချက်တွေနဲ့ မြင်ကွင်းတွေ ဝိုးဝါးနေမှာဖြစ်ပါတယ်။ သို့သော် ဒီဖုန်တွေကို ရှင်းလင်းပြီးတဲ့အချိန်မှာ သင်က ပိုမို မြင့်မားတဲ့ ထောက်ပံ့မှုတွေ၊ ပေးဆပ်မှုတွေကို လုပ်လာနိုင်ပြီး၊ စွန့်စားရတာတွေကို ဝမ်းပန်းတစ်သာလက်ခံ လာပါ လိမ့်မယ်။
Nina A. Bowman is a Managing Partner at Paravis Partners, an executive coaching and leadership development firm. Previously, she held various advisory and leadership roles in strategy. She is an executive coach and speaker on issues of strategic leadership, leadership presence, and interpersonal effectiveness. She is also a contributing author to the HBR Guide to Coaching Employees and HBR Guide to Thinking Strategically.
Comments
Post a Comment