ပြင်သစ်မုန့်တိုက်တွေက မဟာဗျူဟာနဲ့ပတ်သက်ပြီး ဘာတွေကို မှန်ကန်စွာ လုပ်ဆောင်ကြသလဲ

Strategy ပြင်သစ်မုန့်တိုက်တွေက မဟာဗျူဟာနဲ့ပတ်သက်ပြီး ဘာတွေကို မှန်ကန်စွာ လုပ်ဆောင်ကြသလဲ By Laura Dupin, Filippo Carlo Wezel and Dirk Deichmannby March 14, 2024
Image credit to HBR Staff/Pexels/Unsplash ဒီဆောင်းပါးဟာ Harvard Business Review ရဲ့ Strategy ကဏ္ဍမှာ Laura Dupin, Filippo Carlo Wezel နဲ့ Dirk Deichmann တို့ရေးသားတင်ဆက်တဲ့ What French Bakeries Get Right About Strategy ကို ဆီလျော်သလိုပြန်ဆိုထားခြင်းဖြစ်ပါတယ်။ အကျဉ်း သင်က ခေတ်အဆက်ဆက် လက်ဆင့်ကမ်းလာတဲ့ ရိုးရာအစဉ်အလာတွေကို အခြေခံပြီး သုံးစွဲသူတွေ အတွက် ကုန်ပစ္စည်း ဒါမှမဟုတ် ဝန်ဆောင်မှုတွေကို ထုတ်လုပ်ရောင်းချတဲ့ လုပ်ငန်းတစ်ခုအနေဖြင့် ကုန်ကျစရိတ်သက်သာပြီး ပိုမိုအမြတ်အစွန်းများတဲ့ ပြိုင်ဖက်တွေနဲ့ စရိတ်အပိုင်းမှာ ယှဉ်ပြိုင်နိုင်စွမ်း မရှိဘူးလို့ ထင်ကောင်းထင်ပါလိမ့်မယ်။ သင်ကသူတို့ကို ကာလဝမ်းရောဂါလိုပဲ ရှောင်ရှားချင်မယ်လို့ ထင်မှာပါ။ ဒါပေမယ့် ပြင်သစ်နိုင်ငံ လိုင်ယွန်မြို့က မုန့်တိုက်တွေကို လေ့လာတဲ့အခါမှာ ပိုပြီး ထိရောက်တဲ့ "ခေတ်မီ" ပြိုင်ဘက်တွေရဲ့ ဘေးမှာ နေရာယူနေကြခြင်းအားဖြင့် "ရိုးရာဝါဒီသမားတွေ" ဟာ သူတို့ရဲ့ ရိုးရာဓလေ့နဲ့ တန်ဖိုးတွေကို ပိုပြီးပေါ်လွင်အောင် လုပ်နိုင်ခဲ့ကြတယ်ဆိုတာကို တွေ့ရှိခဲ့ပါတယ်။ ပြင်သစ်နိုင်ငံရဲ့ ရိုးရာမုန့်ဖုတ်သမားတွေ ဒါမှမဟုတ် ပြင်သစ်ရိုးရာ ပေါင်မုန့်ဆိုင် တွေဟာ စီးပွားရေးအရ ရပ်တည်ဖို့ ခက်ခဲနေသင့်ပါတယ်။ ပေါင်မုန့်ဈေးနှုန်းတွေက ပြိုင်ဆိုင်မှုပြင်းထန် တာကြောင့် ဈေးနှုန်းပိုင်းဆိုင်ရာ လှည့်ကွက်တွေအတွက် နေရာအနည်းငယ်သာ ကျန်ပါတော့ တယ်။ ပါဝင်ပစ္စည်းတွေကို စည်းမျဉ်းစည်းကမ်းတွေနဲ့ ထိန်းချုပ်ထားပါတယ်(ဥပဒေအရ ရိုးရာဘာဂတ်လုံးမှာ ဂျုံမှုန့်၊ ရေ၊ ဆားနဲ့ တဆေးသာ ပါဝင်နိုင်ပါတယ်)။ သင်ကိုယ်တိုင် "ရိုးရာဝါဒီ" လို့ ကြေညာ ထားတယ်ဆိုရင် ကန့်သတ်ချက်တွေက ပိုပြီးစိန်ခေါ်မှုများပါတယ်။ ဘာလို့လဲဆိုတော့ ရိုးရာဓလေ့ကို လေးစားသူတွေဟာ အချိန်နဲ့ ကုန်ကျစရိတ်သက်သာစေတဲ့ နည်းလမ်းအမျိုးမျိုး(ဥပမာ - မုန့်နှစ်ရော စပ်သုံးခြင်း၊ ရေခဲသေတ္တာထဲမှာ မုန့်ညက်အခဲ သိမ်းခြင်း)ကို မသုံးဘဲ ကန့်သတ်ထားတတ်ကြ ပါတယ်။ ဒီလိုနည်းလမ်းတွေဟာ စားသုံးသူ တွေအတွက် များသောအားဖြင့် မမြင်နိုင်တဲ့အရာတွေ ဖြစ်ပါတယ်။ သို့သော် ဒီအားနည်း ချက်တွေရှိလင့်ကစား၊ ရိုးရာဝါဒီတွေဟာ ခေတ်မီတဲ့ ပြိုင်ဘက်တွေက ပိုပြီးထိရောက်တဲ့ ထုတ်လုပ်မှုနည်းပညာတွေကို သုံးနေပေမဲ့ ပြင်သစ်ပေါင်မုန့်ဈေးကွက်ရဲ့ ဝေစုအများစုကို အခိုင်အမာ ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။ သူတို့ ဘယ်လိုလုပ်ကြသလဲ။ လိုင်ယွန်မြို့မှာရှိတဲ့ ပေါင်မုန့်တိုက်တွေရဲ့ ၁၉ နှစ်တာ ပြိုင်ဆိုင်မှုကို ကျွန်တော်တို့ လေ့လာကြည့်တဲ့အခါမှာ မဟာဗျူဟာမြောက် နေရာရွေးချယ်မှု ကြောင့်ရပ်တည် နိုင်ကြောင်း ညွှန်ပြနေပါတယ်။ ကျွန်ုပ်တို့ရဲ့ သုတေသနက တန်ဖိုးရှိတဲ့ သင်ခန်းစာတွေရရှိခဲ့ပါတယ်၊ အထူးသဖြင့် သင်ဟာ ရိုးရာဓလေ့ သို့မဟုတ် တန်ဖိုးတွေကို အခြေခံ၍ ပြိုင်ဆိုင်နေရတဲ့ လုပ်ငန်းတွေထဲက တစ်ခုဖြစ်ပြီး၊ စားသုံးသူတွေရဲ့ မျက်လုံးထဲမှာ သင့်ထုတ်ကုန်တွေကို ပြိုင်ဘက်တွေနဲ့ ကွဲပြားအောင် ခွဲခြားဖို့အတွက် ရုန်းကန်နေရမှာ ဖြစ်ပါတယ်။ ရိုးရာဓလေ့ကို လေးစားသူတွေဟာ ခေတ်သစ်ဝါဒီတွေနဲ့ ဘယ်လိုယှဉ်ပြိုင်ခဲ့သလဲ ဆိုတာကို ပိုမို သိရှိဖို့အတွက်၊ ကျွန်ုပ်တို့ဟာ ပြင်သစ်နိုင်ငံရဲ့ အစားအသောက်မြို့တော် တစ်ခု ဖြစ်တဲ့ လိုင်ယွန်မြို့ အတွင်းက ပေါင်မုန့်ဆိုင် ၁၇၇ ဆိုင်ရဲ့ နေရာရွေးချယ်မှု မဟာဗျူဟာတွေကို ၁၉၉၈ ခုနှစ်အစကနေ ၂၀၁၇ ခုနှစ်အဆုံးထိ လေ့လာဆန်းစစ်ခဲ့ပါတယ်။ ကျွန်ုပ်တို့ရဲ့ ချဉ်းကပ်မှုမှာ မှတ်တမ်းအချက်အလက်၊ စမ်းသပ်မှုနဲ့ နှစ်ဖက်စလုံးက ပေါင်မုန့် ဖုတ်သမားတွေနဲ့ အင်တာဗျူးတွေကို အခြေခံပြီး ကွဲပြားခြားနားချက်တွေအကြားဆက်စပ်မှု ဆိုင်ရာစိစစ်လေ့လာ ချက်တွေပါဝင်ပါတယ်။ ပြင်သစ်ပေါင်မုန့်ဆိုင်တွေဟာ နေရာတိုင်းလိုလိုမှာ ရှိနေပြီး အထူးရည်ရွယ်တဲ့ နေရာတွေ (ဆိုလို တာက ပေါင်မုန့်ဆိုင်နေရာတွေဟာ မကြာခဏ ပေါင်မုန့်ဆိုင်အဖြစ်ပဲ ဆက်လက်တည်ရှိ နေတတ်ပါတယ်) ဆိုတဲ့ အချက်က ကျွန်ုပ်တို့ဟာ ကာလကြာရှည်စွာ လစ်လပ်နေတဲ့ ပေါင်မုန့်ဆိုင်တွေရဲ့ ရရှိနိုင်မှုကို ခြေရာ ခံနိုင်ခဲ့ပါတယ်။ ဒီ ၁၉ နှစ်တာကာလအတွင်း မုန့်ဖုတ် သမားတွေအတွက် လစ်လပ်နေရာပေါင်း ၂၆၄ နေရာ ရှိခဲ့ပြီး အဲဒီအထဲက ၂၀၃ နေရာက ရိုးရာဝါဒီတွေပိုင်ဆိုင်ခဲ့ပြီး ၆၁ နေရာက ယခင်ခေတ်မီသစ်ဝါဒီတွေ ပိုင်ဆိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို့ဟာ ဝင်ရောက်လာသူတွေအကြား စိတ်ဝင်စားဖွယ်ပုံစံတစ်ခုကို တွေ့ရှိခဲ့ပါတယ်- ရိုးရာဓလေ့ထုံးတမ်းစဉ်လာကို လိုက်နာသူတွေက အဓိကအားဖြင့် ယခင်က ရိုးရာဓလေ့ထုံးတမ်း စဉ်လာကို လိုက်နာခဲ့တဲ့ ဆိုင်တွေကို ရွေးချယ်ကြပြီး၊ ခေတ်သစ်ဝါဒီတွေကမူ ယခင်က ခေတ်သစ် ဝါဒီဆိုင်တွေကို ပိုမိုနှစ်သက်ရွေးချယ်ကြပါသည်။ အဲဒီလိုရွေးချယ်ခဲ့တဲ့ မုန့်ဖုတ်သမားတွေနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတွေမှာ ၎င်းတို့ဟာ ဒီလိုရွေးချယ်ခြင်းဟာ မတော်တဆမဟုတ်ဘဲ၊ ၎င်းတို့က ဆိုင်နေရာရဲ့ အမွေအနှစ်ကို ဆက်လက်ထိန်းသိမ်ဖို့ ရည်ရွယ်ချက်ဖြင့် ရွေးချယ် ခဲ့ကြောင်း ဖော်ပြခဲ့ကြပါတယ်။ မြို့ထဲရှိ အခြားလက်ရှိ ရှေးရိုးရာ သို့မဟုတ် ခေတ်မီမုန့်တိုက်တွေနဲ့ လစ်လပ်နေရာတွေရဲ့ အနီးအနားကို ကျွန်ုပ်တို့ ဆန်းစစ်တဲ့အခါ ကျွန်ုပ်တို့ရဲ့ တွေ့ရှိချက်တွေက ပို၍ပင် စိတ်ဝင်စားစရာကောင်းလာပါတယ်။ ရိုးရာဓလေ့ ထုံးတမ်းစဉ်လာကို လိုက်နာသူတွေက ထင်မှတ်မထားတဲ့ အပြုအမူတစ်ခုကို ပြုလုပ်ခဲ့ကြ ပါတယ်- သူတို့ရွေးချယ်ခဲ့တဲ့ နေရာတွေရဲ့ ၇၄ ရာခိုင်နှုန်းဟာ ခေတ်သစ်ဝါဒီမုန့်တိုက်တစ်ခုရဲ့ နီးစပ်တဲ့ နေရာတွေဖြစ်နေပါတယ်။ ရိုးရာဓလေ့ထုံးတမ်းစဉ်လာကို လိုက်နာသူတွေရဲ့ ဗျူဟာက ကျွန်ုပ်တို့အား အကြောင်း ပြချက် အမျိုးမျိုးတွေပေးတာကြောင့် အံ့အားသင့်စေခဲ့ပါတယ်။ အခြေခံစီးပွားရေးသဘောတရားတွေအရထုတ်ကုန်ကွဲပြားမှုအတွက် အကန့်အသတ်ရှိတဲ့ နေရာ တစ်ခုအတွင်း ဆင်တူတဲ့လုပ်ငန်းတွေကို တစ်ခုနဲ့တစ်ခုနီးကပ်စွာတည်ရှိခြင်းဟာ ပြိုင်ဆိုင်မှုကို ပြင်းထန်စေမယ်လို့ ညွှန်ပြပါတယ်။ ဒီအခြေအနေမှာ ခေတ်သစ်မုန်ဖုတ်လုပ်ငန်း တွေက များသောအားဖြင့် ဂျုံစက်လုပ်ငန်းကြီးတွေနဲ့ ချိတ်ဆက် ဆက်နွယ်လေ့ရှိကြတာကြောင့် ကုန်ကျစရိတ်အားသာချက်ရှိခြင်းက အခြေအနေပိုမိုဆိုးရွားစေပါတယ်။ ဒါဆို ရိုးရာဝါဒီတွေက သူတို့ရဲ့ တန်ဖိုးတွေ၊ အလေ့အထတွေ၊ ဒါမှမဟုတ် ကိုယ်ပိုင် လက္ခဏာ တွေကို မျှဝေလက်ခံမှုမရှိသူတွေနဲ့ ခက်ခဲတဲ့ပြိုင်ဆိုင်မှုတွေကို မျက်မှာချင်းဆိုင် အလုပ်လုပ်ကြဖို့ ဘာကြောင့် ဆန္ဒရှိကြသလဲ။ သူတို့ရဲ့ ကိုယ်ပိုင်ထူးခြားချက်ကို ပိုပြီး ပေါ်လွင်စေနိုင်မယ်ထင်လို့ဖြစ်ကြောင်း ကျွန်တော်တို့ကိုရှင်းပြပါတယ်။ “ကျွန်တော်တို့ဘေးမှာ (ခေတ်သစ်ဝါဒီ)တစ်ယောက်ရှိနေတဲ့အချက်က ကျွန်တော်တို့ရဲ့ ပင်ကိုလက္ခဏာကိုပေါ်လွင်စေဖို့ အထောက်အကူဖြစ်စေပါတယ်” လို့တစ်ယောက်သောသူကရှင်းပြပါတယ်။ တစ်ဖက်မှာတော့ စတင်ဝင်ရောက်လာတဲ့ ခေတ်သစ်ဝါဒီတွေက ဘယ်သူနဲ့မှ တိုက်ရိုက် ယှဉ်ပြိုင်မှုတွေကို မလုပ်လိုကြောင်း၊ ရှောင်ချင်ကြောင်းပြောပါတယ်။ ပုံပြင်ရဲ့သင်ခန်းစာက - သဘာဝမှာ အမျိုးတူတွေ အတူတကွရှိနေတတ်ကြပေမယ့် နက်ရှိုင်းတဲ့ရိုးရာအစဉ်အလာ ဒါမှမဟုတ် တန်ဖိုးထားမှုရှိတဲ့ လုပ်ငန်းတွေဟာ ဒီလိုဂုဏ်သတ္တိမရှိ တဲ့ အခြားသောလုပ်ငန်းတွေနဲ့ အခြေခံအားဖြင့် တူညီတဲ့ထုတ်ကုန်ပစ္စည်းတွေကို ရောင်းချ နေတယ်ဆိုရင် သူတို့နဲ့ နီးနီးကပ်ကပ် ရှိနေသင့်တယ်ဆိုတာပဲဖြစ်ပါတယ်။ အဲဒီလိုလုပ်ခြင်းက သင့်လုပ်ငန်းကို အခြားလုပ်ငန်းတွေနဲ့ ကွဲပြားစေတဲ့ အရာကို မီးမောင်းထိုးပြနိုင်မှာပါ။ စာရေးသူများ Laura Dupin သည် အမ်စတာဒမ်တက္ကသိုလ်ရှိ စွန်ဦးတီထွင်မှုနှင့် ဆန်းသစ်တီထွင်မှုဌာနတွင် လက်ထောက် ပါမောက္ခ တစ်ဦးဖြစ်ပါသည်။ Filippo Carlo Wezel သည် Universita della Svizzera italiana တွင်အဖွဲ့အစည်းနှင့် စီမံခန့်ခွဲမှု ပါမောက္ခ တစ်ဦးဖြစ်ပါသည်။ Dirk Deichmann သည် ပါမောက္ခတစ်ဦးဖြစ်ပြီး Erasmus တက္ကသိုလ်၏ ရော့တာဒမ် စီမံခန့်ခွဲမှုကျောင်းရှိ ဥယျာဉ်စိုက်ပျိုးရေး ဆန်းသစ်တီထွင်မှုဆိုင်ရာ ဌာန၏ ဥက္ကဌဖြစ်ပါသည်။

Comments