မိမိကိုယ်ကို ယုံကြည်မှုရှိအောင် ဘယ်လိုလုပ်မလဲ

‌အောက်ပါအချက်တွေကို လိုက်နာခြင်းဖြင့် မိမိကိုယ်ကို လေးစားတန်ဖိုးထားပါ။ Denis Waitley ကျွန်ုပ်ရဲ့ အဘိုးနဲ့အဘွားတို့ရဲ့ ယုံကြည်ချက်မှာ လူတစ်ဦးတစ်ယောက်ဟာ ရိုးသားမှုရှိချင် ရှိမယ် ဒါမှမဟုတ် ရိုးသားမှုရှိချင်မှရှိမယ်။ ၎င်းတို့နှစ်ခုအကြားမှာ ကြားမှုမှတ်လို့ဆိုတဲ့ မရိုးတရိုးဆိုတာမရှိပါ။
Image credit to Footsteps in the snow images on Adobe Stock ကျွန်ုပ်ရဲ့ အဘိုးနဲ့အဘွားတို့ဟာ ဆောင်ပုဒ်လေးတစ်ပုဒ်ကို လက်ကိုင်ထားပြီး သူတို့ရဲ့ ဘဝတစ်လျှောက်လုံး လက်တွေ့ကျင့်ကြံခဲ့ကြပါတယ်။ ယင်းဆောင်ပုဒ်မှာ “Life is like a field of newly fallen snow; where I choose to walk every step will show” ဖြစ်ပါတယ်။ “ဘဝဆိုတာ ကွင်းပြင်ထဲ အသစ်စက်စက်ကျထားတဲ့ နှင်းပြင်ကလေးလိုပါပဲ မိမိရွေးချယ်လျှောက်လှမ်းလိုက်တိုင်း အနောက်မှာ ခြေရာလေးတွေထင်ကျန်ရစ်ခဲ့ပါတယ်။” မိမိသွားခဲ့တဲ့ ခြေရာလေးတွေကို ဖော်ပြနေပါတယ်။ ကောင်းတဲ့လမ်းကိုရွေးလျှောက်လှမ်းခဲ့ရင် ကောင်းတာပြသလို မကောင်းတဲ့လမ်းရွေးမိရင်လဲ မကောင်းကြောင်းပြနေမှာဖြစ်ပါတယ်။ အဆိုပါဆောင်ပုဒ်ကို ကျွန်ုပ်ရဲ့ ဘိုးဘွားတို့က လက်တွေ့ကျင့်ကြံကြောင်းပြသခဲ့ပါတယ်။ သူတို့ ဓမ္မဓိဌာန်ကျကျနားလည်တာက သမာသမတ်ကျခြင်း(ဝါ) သမာဓိရှိခြင်းဟာ လူပုဂ္ဂိုလ်ရဲ့ စိတ်ဓါတ်၊ ကိုယ်ကျင့်တရားတို့နဲ့ ဆက်စပ်မှုရှိပြီး လတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေအရ မိမိရဲ့ ခံယူချက်ကနေ သွေဖီသွားတာမျိုးမရှိရပါ။ သမာဓိရှိမှုပေါ်မူတည်၍ သင့်ရဲ့ အပြုအမူ၊ အပြောအဆို တို့ကိုပြောင်းလဲနိုင်ပါတယ်။ သမာဓိက သင်ရဲ့ အပြုအမူကို ဆုံးဖြတ် ပေးတဲ့ ပဲ့ကိုင်ဖြစ်ပါတယ်။ စိတ်မကောင်းစရာကတော့ ယနေ့ခေတ်အချိန်အခါမှာ သမာသမတ်ကျမှု၊ သမာဓိတည်မှုတို့က အလွန်ရှားပါးနေခြင်းဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းရဲ့ နေရာတိုင်မှာ သမာဓိရှိမှုဟာ အနိမ့်ဆုံးသို့ရောက်နေပါတယ်။ သမာဓိရှိမှုဟာ မိမိတို့အတွက် လိုအပ်တဲ့အရာဖြစ်ပါတယ်။ သမာဓိရှိမှုကို အဓိကအချက်(၃)ချက်နဲ့ ဖော်ပါမယ်။ တွန်းအား၊ ဖိအားပေးမှုတွေနဲ့ ရင်ဆိုင်နေရချိန်မှာတောင် အမှန်တရားကို မြဲမြဲဆုပ်ကိုင်ထားပါ။ နာမည်ကြီးဆေးရုံတစ်ရုံက ခွဲစိတ်ခန်းသူနာပြုဆရာမလေးဟာ ခွဲစိတ်တဲ့အဖွဲ့မှာ ပထမဦးဆုံးပါဝင်တာဝန်ထမ်းဆောင်ရတဲ့ ပုံပြင်လေးကို ဥပမာပြုကြည့်ကြပါစို့။ သူနာပြုဆရာမလေးက ခွဲစိတ်ခန်းမှာ အသုံးပြုတဲ့ ပစ္စည်းကိရိယာတွေရဲ့ အရေအတွက်ကို စစ်ဆေးရတဲ့ တာဝန်ရှိသူတစ်ဦးဖြစ်ပါတယ်။ အဆိုပါ ခွဲစိတ်အဖွဲ့ဟာ လူနာအား ဝမ်းဗိုက်ခွဲစိတ်ပြီးနောက် ခွဲစိတ်ဆရာဝန်က လူနာရဲ့ ဝမ်းဗိုက်ကို ပြန်ချုပ်ဖို့ ပြင်ဆင်နေချိန်မှာ သူနာပြုဆရာမလေးက ခွဲစိတ်ဆရာဝန်အား ဆရာဂွမ်းထုပ်(၁၁)ထုပ်ပဲထုတ်ရသေးကြောင်း၊ တစ်ထုပ်ကျန်နေသေးကြောင်းပြောပါတယ်။ ခွဲစိတ် ဆရာဝန်က အားလုံးထုတ်ပြီးကြောင်း ဝမ်းဗိုက်ပြန်ချုပ်တော့မှာဖြစ်ကြောင်းပြောရာ သူနာပြုဆရာမလေးက ဂွမ်းထုပ်အကုန် ပြန်ထုတ်ပြီးမှ ချုပ်သင့်ကြောင်း၊ လူနာဘက်ကိုစဉ်းစားသင့်ကြောင်း ပြောပါတယ်။ အဲဒီအခါ ခွဲစိတ်ဆရာဝန်က သူရဲ့ခြေထောက်ကို ကြွပြီး ၎င်းအောက်တွင် (၁၂)ခုမြောက် ကျန်ဂွမ်းတစ်ထုပ်ကို ပြလိုက်ပါတယ်။ ထိုခွဲစိတ်ဆရာဝန်က သူနာပြုဆရာမလေးကို ဒီလို လုပ်တာကောင်းကြောင်း နောင်လဲဒီလိုပဲလုပ်ရန်တိုက်တွန်းပြီး ချီးကျူးစကားဆိုပါတယ်။ ဒါကြောင့် သင်မှန်ကန်ကြောင်းသေချာနေပါက ဘယ်တော့မှ အလျော့မပေးပါနဲ့။ အမြဲတမ်းအခြားသူတွေကို အသိအမှတ်ပြုပါ။ မိမိထက် စိတ်ကူးကောင်းသူ ဒါမှမဟုတ် မိမိထက်ပိုပါးနပ်သူကို မကြောက်ပါနဲ့။
Image credit to https://en.wikipedia.org/wiki/Matryoshka_doll#/media/File:Russian-Matroshka.jpg Ogilvy & Mather ကြော်ငြာကုမ္ပဏီကို တည်ထောင်သူ David Ogilvy ဟာ ဒီအချက်ကို ထင်ထင်ရှားရှားပြသတဲ့အနေနဲ့ သူရဲ့ အသစ်ခန့်ထားတဲ့ ရုံးအုပ်တွေကို ရုရှား nesting အရုပ်တစ်ရုပ်စီ လက်ဆောင်ပေးပါတယ်။ အဆိုပါ nesting အရုပ်ဟာ အတွင်းတွင် အဆင့်ဆင့်သေးငယ်သွားတဲ့ အပြင်ကအရုပ်နဲ့ပုံစံတူ အရုပ်(၅)ရုပ်ပါဝင်ပါတယ်။ David Ogilvy ဟာ သူပြောလိုတဲ့အကြောင်းအရာကို အသေးငယ်ဆုံးအရုပ်မှာထည့်ထားပါတယ်။ အကယ်၍များကျွန်ုပ်တို့ တစ်ဦးချင်းစီဟာ မိမိတို့ထက်အရည်အချင်းနည်းသူတို့ ကိုခန့်ထားပါက ကုမ္ပဏီဟာ တဖြည်းဖြည်းသေးငယ်လာပြီး နောက်ဆုံးမှာ လူပုကလေးကဲ့သို့ သေးငယ်တဲ့ ကုမ္ပဏီအဖြစ်သို့ ရောက်ရှိသွားပါမယ်။ သို့သော် ကျွန်ုပ်တို့က မိမိတို့ထက် ပိုတော်သူတွေ ကိုခန့်ထားနိုင်ပါက Ogilvy & Mather ဟာ အလွန်ကြီးမားတဲ့ ကုမ္ပဏီအဖွဲ့အစည်းအဖြစ်သို့ ရောက်ရှိပါမယ်။ သူ့ရဲ့ ညွှန်ပြချက်ကြောင့် Ogilvy & Mather ကုမ္ပဏီဟာ ကမ္ဘာပေါ်မှာ အကြီးဆုံးကြော်ငြာလုပ်ငန်းအဖွဲ့အစည်းတွေထဲက တစ်ခုအဖြစ်သို့ရောက်ရှိခဲ့ပါတယ်။ ရိုးသားပါ၊ သင်ဘယ်လိုလူလဲဆိုတာ ဖွင့်ချပြပါ။ လူတွေမှာ စစ်မှန်တဲ့ အနှစ်သာရတန်ဖိုး(ဝါ)စစ်မှန်တဲ့ တန်ဖိုးထားတဲ့အရာသာ မရှိခဲ့ဘူးဆိုရင် ပြင်ပသက်ရောက်မှုပေါ်မှာသာ မှီခိုအားထားနေရပါမယ်။ သူတို့ဘာပဲလုပ်လုပ် သူတို့ရဲ့ လုပ်ဆောင်ခဲ့မှုဟာ သူတို့ရဲ့ပြယုဂ်အဖြစ် ထင်ဟပ်နေမှာ ဧကန်မလွဲဖြစ်ပါတယ်။ သို့သော် သူတို့ရဲ့ အတွင်းသဏ္ဍန်တန်ဖိုးနဲ့ ဖွံ့ဖြိုးတိုးတက်ဖို့ အားထုတ်မှု အလွန်နည်းပါတယ်။ သင့်ကိုယ်သင်ကြည့်ပါ။ အတွင်းသဏ္ဍန်ဖုံးကွယ်ထားမှု၊ မိမိဘဝမှာ မနှစ်မြို့ဖွယ်ရာတွေကို ဖုံးကွယ်ထားမှုနဲ့သာ အချိန်ကုန်မခံပါနဲ့။ ဘဝမှာ ကြမ်းတမ်းမှုတွေရှိပါကလည်း ကြံ့ခိုင်ပါစေ။ ဘဝရဲ့ စိန်ခေါ်မှုတွေကို ရင့်ကျက်မှုနဲ့ ရင်ဆိုင်တုန့်ပြန်လိုက်စမ်းပါ။ မိမိကိုယ်ကို လေးစားပါ၊ အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်မှုဟာ သမာဓိရှိမှုရဲ့ အစိတ်အပိုင်းတွေဖြစ်ပြီး၊ အခြားလူတွေနဲ့ ဆက်ဆံရေးကောင်းတွေအတွက် အခြေခံဖြစ်ပါတယ်။ သမာဓိရှိခြင်းဟာ မှန်ကန်ရာကို လုပ်ဆောင်ခြင်းဖြစ်ပြီး၊ ပေါ်ပင်လုပ်ခြင်းမဟုတ်ပါ။ သမာဓိရှိခြင်းဟာ ဘဝအတွက် အမှန်တရားတစ်ခုဖြစ်ပြီး နေ့စဉ်အောင်မြင်မှုကို ပေးစွမ်းပါမယ်။ သင့်အား (၂၁)ရာစုသို့ ပို့ဆောင်ပေးပြီး နောက်ကျောလုံမှုကိုပေးစွမ်းပါမယ်။ ဤသည်ကား ကျွန်ုပ်ရဲ့ ဘိုးဘွားတွေက သင်ကြားပေးခဲ့တာဖြစ်ပါတယ်။ Ref: Denis Waitley, 2000. How to be True to Yourself. Reader’s Digest, January.

Comments